မြန်မာ့ပြန်ကြားရေး Website တွင် ဟတ်ကာတို့ခြိမ်းခြောက်သွား ..
ပြန်ကြားရေးဝန်ကြီးဌာန၏
အင်တာနက် Website တွင် Website စာမျက်နှာအား အင်္ဂါနေ့နံနက်မှ စတင်၍
ဟက်ကာများက ဝင်ရောက်တိုက်ခိုက်ပြီး ခြိမ်းခြောက်စာများ
ဝင်ရောက်ရေးသားခဲ့ကာ Website မှာ နာရီအတော်ကြာ ဝင်ရောက် ကြည့်ရှုမရဘဲ
ဖြစ်သွားခဲ့သည်။
မြန်မာအစိုးရထံသို့ သတင်းစကား ဟူ၍
“ဒီမူဆလင်တွေဟာ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် သတင်းစကားတခု ရှိပေမယ့် သင်တို့ကတော့
သူတို့ကို သတ်ပစ်လိုက်တယ်… မူဆလင်များကို ဆက်လက် သတ်ဖြတ်နေပါက ကမ္ဘာပေါ်ရှိ
မည်သည့်နေရာက ဗုဒ္ဓဘာသာဝင်များကို ကျွန်ုပ်တို့ ပစ်မှတ်ထားမည်။ … သင်တို့နိုင်ငံ
ငရဲတွင်း ဖြစ်သွားစေမည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားသွားသည်ကိုလည်း တွေ့ရသည်။
အခြား မြန်မာ အင်တာနက် ဝဘ်ဆိုဒ်တခုဖြစ်သော
www.planet.com.mm ကိုလည်း ဇူလိုင်လ ၂၆ ရက်နေ့က Akincilar အမည်ခံ ဟက်ကာတို့က
ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး “ရက်စက်မှုများ ရပ်ပါ” နှင့် “မူဆလင် ဘာသာဝင်များကို
ဖိနှိပ်မှုများ ဆက်လက်ပြုလုပ်နေပါက ခင်ဗျားတို့ system တွေ အားလုံးကို
ဖျက်ဆီးပစ်မည်” ဟုလည်း ရေးသွားသည်။
Mizzima News

Rangoon
Kuala Lumpur
Bangkok






0 comments:
Post a Comment