}
ညီဖြိုးလင်းခ(Jackass) တွေ့ရှိသမျှ မျှဝေနေပါသည် လက်ဦးဆရာ ဘလော့ခရီးသည်(AAMKS)နှင့်မြင်ဆရာကြားဆရာအားလုံး ဒီနေရာမှ ဦးညွှတ်အပ်ပါသည်
 
May 27, 2013

I & U ရှိတယ်တဲ့

0 comments

ခပ်ရှင်းရှင်းပြောရရင်.. I & U ပေါ့ဗျာ..။
I & U အောက်မှာ Life ဆိုတဲ့စကားလုံးရှိတယ်။ စာရွက်ပေါ်မှာချရေးရင်…
I & U
Life
I နဲ့ U ဟာ ဘာမှမပတ်သတ်သေးတာမို့လို့ I မှာလည်း သီးခြား Life ရှိတယ်။ ဒီလိုပဲ…U မှာလည်း သီးခြား Life ရှိတယ်။အဲ့ဒီရဲ့ အဓိပ္ပာယ်က
I no U ပေါ့ဗျာ..။
I နဲ့ U ဟာ တစ်ယောက်ကိုတစ်ယောက်မသိသေးတာမို့ Life ကလည်း မတူသေးပါဘူး။
အဲ့ဒီကမှနေပြီး I နဲ့ U ကြားက & က ပုံစံပြောင်းပြီး Know ဖြစ်သွားတယ်။ အဓိပ္ပာယ်ကတော့
I Know U ပေါ့ဗျာ။
အဲ့ဒီစကားလုံးအောက်မှာလည်း Life ဆိုတာရှိတယ်။ အဲ့ဒီ Life ကလည်း သီးခြားစီတည်ရှိနေတုန်းပဲ။ ရေးပြရရင်တော့..
I Know U
Life
တစ်ယောက်ကိုတစ်ယောက် သိလာကြတော့လည်း ကိုယ့်ဘ၀နဲ့ ကိုယ်ပါပဲ။ အဲ့ဒီကနေ တစ်ဆင့်တက်လာပြီး
I Love U လို့ဖြစ်လာတယ်။
အဲ့ဒီ I Love U အောက်မှာလည်း Life ဆိုတာရှိနေတုန်းပဲ။ ရေးပြရရင်..
I Love U
Life
အဲ့ဒီမှာကျတော့ အစက သီးခြားစီဖြစ်နေတဲ့ I နဲ့ U ဟာ Life ခြင်းပေါင်းစပ်ဖို့ ကြိုးစားလာကြတယ်။ ဘာဖြစ်လာလဲ ဆိုတော့ …
I Need U ။
အဲ့ဒီမှာလည်း Life ဆိုတာရှိနေတုန်းပဲ..။ရေးပြဦးမယ်..။
I Need U
Life
အဲ့ဒီမှာ Life ဆိုတဲ့ ဘ၀တစ်ခုကို တစ်ကယ်ပဲ ထူထောင်လိုက်ကြတယ်။ ဒါပေမယ့် ကြာလာတဲ့အခါမှာတော့ စကားလုံးတွေဟာ အနောက်ပြန်ဆုတ်လာတယ်..။
“I Need U”
“Life”
ကနေပြီး.. I
Love U Life
ပြီးတော့ တစ်ယောက်ကိုတစ်ယောက် အချစ်လျော့လာတဲ့အခါ …
I Know U
Life
ဆိုပြီး ဖြစ်လာတယ်။ အဲ့ဒီအချိန်ထိကို Life ကတစ်ခုတည်း ရှိနေတုန်း..ဖြစ်နေတုန်းပဲ။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင် တစ်ချိန်တုန်းက စိတ်တူကိုယ်တူ ပေါင်းစပ်ခဲ့ကြတာကိုး ၊
ဒါပေမယ့် ကြာလာတော့ အလယ်က စည်းခြားထားတဲ့ & က ပုံစံပြောင်းစေခဲ့တယ်။ သူပြောင်းလိုက်တဲ့ စကားလုံးက H နဲ့ စတယ်။ အဲ့ဒါက..
“I Hate U”
အဲ့ဒီအချိန်ကျတော့ သူတို့ရဲ့ Life ကလည်း ပြိုကွဲသွားတယ်။ ဘာပြန်ဖြစ်သွားသလဲဆိုတော့ ..
I & U
Life
အဲ့ဒီအချိန်ထိ Life ကရှိနေတုန်းပဲ။ဒါပေမယ့် အဓိပ္ပာယ်ကတော့ ကိုယ့်ဘ၀နဲ့ကိုယ်ပါပဲ တဲ့။
တစ်ခါတစ်ရံမှာ လူငယ်တွေရဲ့ နှလုံးသားကို အမြင်အာရုံကလှည့်စားသွားတက်တယ်လေ…။ ဒါကြောင့် အမြင်အာရုံရဲ့ လှည့်စားခြင်း ခံရတဲ့အခါ နှလုံးသားကကြီးလာတယ်။ ဦးနှောက်ကသေးသွားတယ်။ အဲ့ဒီအခါမျိုးမှာ လူတစ်ယောက်ဟာ
ကြီးလာတဲ့ နှလုံးသားနဲ့ဆုံးဖြတ်ရင်လည်းမှားတယ်။ သေးသွားတဲ့ ဦးနှောက် နဲ့ဆုံးဖြတ်ရင်လည်းမှားနိုင်တယ်။ဒါပါပဲ…။
“I & U”
“Life”
“I No U”
“Life”
“I Know U”
“Life”
“I Love U”
“Life”
“I Need U”
“Life”
“……………”
“I Love U”
“Life”
“I Know U”
“Life”
“I No U”
“Life”
“I & U”
“Life”
“မင်းကိုလွမ်းနေရတဲ့အချိန်က ဘ၀အတွက် အငြိမ်းချမ်းဆုံးအချိန်တွေပေါ့”
ဆရာ အကြည်တော် ရေးထားတဲ့ ဇာတ်လမ်းထဲက အတွေးလေးပါ..။ခံစားကြည့်ပေးပါဦး

0 comments:

Post a Comment