}
ညီဖြိုးလင်းခ(Jackass) တွေ့ရှိသမျှ မျှဝေနေပါသည် လက်ဦးဆရာ ဘလော့ခရီးသည်(AAMKS)နှင့်မြင်ဆရာကြားဆရာအားလုံး ဒီနေရာမှ ဦးညွှတ်အပ်ပါသည်
 
May 18, 2013

DOTA ကစားချင်သူများ အတွက် Guide

0 comments
D ထဲ မှာဒိုတာခုတ်တဲ့ သူငယ်ချင်းတွေလဲပါကြမှာပါ ....  ကျွန်တော်ကိုယ်တိုင်လဲဒိုတာကြိုက်တာ ကိုး ဟိ ။
ခု မှစကစားတဲ့ သူငယ်ချင်းတွေ အတွက် ဆောင်ရန်ရှောင်ရန်လေးတွေ ပါ ...

dota ကစားတော.မယ်ဆိုရင်. RPG ဆိုတာကိုအရင် နားလည်ဖို့ လိုပါတယ်။

 RPG = Role Playing Game. Character တစ်ကောင်ထဲကို ထိန်းချုပ်ပြီး
Character ရဲ့ status, level and skills တွေကို ကိုယ့်ဘာသာကိုယ်
မြှင့်တင်ပေးရတာကို ဆိုလိုတာပါ။

Game အမျိုးအစားတွေထဲမှာ မြန်မာနဲ့အကျွမ်းတ၀င်အဖြစ်ဆုံးက Action, Racing
နဲ့ Strategy. RPG game တွေကတော့တော်တော်ရှားတယ်။
ဆော့တဲ့သူရှားတာကိုပြောတာပါ။ Morrowwind, Diablo, Grandia, etc...
ဆော့ဖူးတဲ့သူနည်းပါလိမ့်မယ်။

Warcraft 3. ကိုပြန်ပြီး modify လုပ်တာတွေအရမ်းခေတ်စားနေတုန်းမှာ DOTA
မြေပုံကို Eul ဆိုတဲ့ player က စရေးတာပါ။ အခုတော့သူ
အနားယူသွားပြီးတဲ့နောက်ပိုင်း next generation တွေက hero အသစ် item
အသစ်တွေနဲ့ ဆက်ရေးလာတာ 6.64ကိုရောက်နေပါပြီ။

RPG elements, multiplayer, teamplay, strategy elements
တွေအကုန်ပေါင်းထားတဲ့ DOTA ကို မြန်မာ gamer တွေ ရူးသွပ်ခဲ့တာ Counter
Strike တောင် နောက်ကောက်ကျကျန်ခဲ့တာကြာပေါ့။

Ok.

DOTA ဆော့မယ်ဆိုရင် ပထမဆုံးသိထားရမှာက HERO types တွေ။. ပြိးတော့. Farming
( ပိုက်ဆံရှာတဲ့နည်းလမ်းတွေ) ။ Ganking ( ချုံခိုတိုက်ခိုက်ခြင်း)။
pushing (လမ်းတလမ်းကို ကိုယ့် creep တွေနဲ့ ကျောင်းခြင်း) ။ harass
(ရှင်းရှင်းပြောရရင် HERO နှိမ်တာ :P ). ITEM types
(ပစ်စည်းဆက်တဲ့နည်းတွေ)။
Endgame. (နောက်ဆုံး Level item stragtegy and hero elements).

1st. HERO TYPES

Hero types သုံးမျိုးပဲရှိတယ်။

ှStrength Heros .

ဒီ Heros တွေ က . တနည်းအားဖြင့်. TANK (damage takers) တွေများတယ်။
အချိန်ကြာလာလေ မာလေလေပဲ. သတ်ဖို့ လဲခဲယဉ်းတယ်။ အဲ.. လူများကို သတ်ဖို့ လဲ
သိပ်မလွယ်ဘူး။ များသောအားဖြင့် Battle ဆိုင်ရင် နောက်ဆုံးကျန်ခဲ့တဲ့ Hero
တွေပေါ့၊
ှStrength Heros တွေကိုင်မယ်ဆိုရင် အားသာချက်အားနည်းချက်တွေ ရှိတယ်။ Attack Speed နှေးမယ်။ Damage နည်းမယ်။ gank ဖို့ သိပ်မလွယ်ဘူး။
အားသာချက် က. ITEM DEPENDABLE မဖြစ်ဘူး. သိပ် Item မရွေးဘူး..
ပစ်စည်းသိပ်မကောင်းပဲနဲ့လည်း battle မှာ Effective ဖြစ်အောင်ဆော့လို့ရမယ်။

Agility Heros

င်္Fighter Heros တွေ .. striker တွေ. ရှင်းရှင်းပြောရင် ဂျွတ်ဖို့  အလွယ်ဆုံး Hero type.
advantages. > Highest Damage Output. Highest Attack Speed.
disadavntages. > Low Hitpoints and Armor. Weak to Spells. Need the best items for End game.
Item မရရင် ဘာမှကို လုပ်မရတဲ့ Hero လည်းဖြစ်တယ်။ Fighter
တစ်ကောင်ကိုင်တော့မယ်ဆို ရင် .Farm ပိုက်ဆံဘယ်လိုရှာမလဲဆိုတာ
အရင်စဉ်းစားထားရတယ်။ လမ်းတွေတစ်လမ်းပြိးတစ်လမ်းကူးရင်း အကောင်းဆုံး Item
မရမခြင်း battle ရှောင်တာ beginnner တွေအတွက် အကောင်းဆုံးပဲ။
ဂျွတ်သွားရင်တော့ ပြီးပြီပေါ့. ပွဲတစ်ပွဲ ရဲ့ အနိုင် အရှုံးမှာ fighter
တွေ ရဲ့ iteM က တော်တော်အေ၇းပါတယ်။

Intelligence Heros.

Most Powerful Spell Users တွေဖြစ်တယ်။ early game တွေ မှာ အရေးအပါဆုံး Hero type. Mana ရှိနေသမျှကြောက်ဖို့ ကောင်းတဲ့ hero တွေပေါ့
တော်ရုံ experience နဲ့တော့ Intel Hero တွေကို effective
ဖြစ်အောင်ကိုင်ဖို့ မလွယ်ဘူး. ကိုယ်ဟာ supporter လည်းဖြစ်နေတဲ့အတွက်.
battle တွေမှာ Decision တွေက အရေးပါလာတယ်။ Tower တွေကို Defense ကော
Attacking ကော အစေားဆုံးလုပ်နိုင်တဲ့သူတွေလည်းဖြစ်တယ်။ Beginner တွေ
အတွက်တော့ အစပိုင်းမှာ ရှောင်သငိ့ပါတယ်. game သဘောကို နည်းနည်းနားလည်လာမှ
ဆော့သင့်တယ်။

ဒုတိယပိုင်း အနေနဲ့  ဘယ် game မှာမဆို အရေးအကြီးဆုံးဖြစ်တဲ့ ပိုက်ဆံရှာနည်းအကြောင်းပြောပြချင်ပါတယ်။
ခုမှစဆော့သူတွေအတွက် အဓိကရည်ရွယ်ပြီးရေးထားတာဖြစ်လို့  အားနည်းချက်တွေရှိရင် သည်းခံပါ။

2nd. FARMING

DOTA မှာ ပိုက်ဆံရှာဖို့ နည်းလမ်း 5 ခု ရှိတယ်။ ဆော့တဲ့ Mode ပေါ်မူတည်ပြီး
၁ second ကို ဘယ်လောက်ဘယ်လောက်ဆိုပြီး တက်တဲ့ပိုက်ဆံလဲပါမယ်။
ဒါပေမယ့် အဓိက က Farming ပဲ၊

1. Creep Killing
2. Neutral Creeps ( တောထဲကကောင်တွေ)
3. Hero Flags. ( hero killing)
4. Towers.
5. Roshan.

တကယ်. PRO ဆိုတာ ဘယ်လိုအကောင်မျိုးပဲကိုင်ကိုင် ရသင့်
တဲ့ပိုက်ဆံအတိုင်းအတာကို ရသင့်တဲ့အချိန်မှာရအောင်ရှာနိုင်မှ PRO
လို့ခေါ်နိုင်မယ်။
Keeper Of the Light . or Krobulus လိုကောင်မျိုးကိုင်ပြီးပိုက်ဆံရှာတာနဲ
့ Warchief ကိုင်ပြီးပိုက်ဆံရှာတာ အများကြီးကွာသွားပြီ။ ဒါပေမယ့်
နည်းမှန်ရင်
ဘယ်ကောင်လာလာ. ဘယ်လောက်အနှိမ်ခံရခံရ. ပိုက်ဆံရှာနိုင်တဲ့နည်းတွေရှိပါတယ်။

1.Creep Killing.

Creep Killing မှာအရေးအကြီးဆုံးက ချိန်စားတတ်ဖို့ . ချိန်စားတယ်ဆိုတာက Alt
ကိုနှိပ်ထားရင်း အကုန်လုံးရဲ့သွေးဘားကို မြင်ရတယ်။ ကိုယ်ရဲ့ Damage Output
နဲ့ . creep မှာကျန်တဲ့သွေးကို ချိန်စားတာကိုပြောတာပါ.။
လွယ်မယောင်နဲ့တော်တော်ခက်ပါတယ်. လေ.ကျင့်မှုတော့လိုမယ်။ ချိန်စားဖို
့အတွက် အစောပိုင်းမှာကိုယ့် ITEM က လည်းအထောက်အကူပြုပါတယ်။ +6. or +9 dmg
က Hero ချင်းမှာဘာမှမဟုတ်ပေမယ့် .. creep ချိန်စားတဲ့အခါ
သိပ်အထောက်အကူပြုပါတယ်။ Writh Band , Bracers. Tailsman
တွေစောစောဆက်တာဒါကြောင့်ပဲ. MELEE ကောင် အချင်းချင်း
ထိန်းတဲ့လမ်းဆိုရင်ပြသနာမရှိပေမယ့် .. ranged ကောင်နဲ
့ယှဉ်စားရတဲ့အခါမျိုးမှာ.. ချိန်မစားတတ်ရင်. တပြားမှကိုရမှာမဟုတ်ဘူး.
အကောင်းဆုံးကတော့. AI ( computer ) မြေပုံတွေနဲ့ကျင့်ပါ.. ၂ ရက် ၃
ရက်လောက်ကျင့်လိုက်ရင်. ကောင်းကောင်းသဘောပေါက်သွားပါလိမ့်မယ်။
Deny .. လုပ်တဲ့အကြောင်းတွေကိုတော့ Harass အခန်းကျမှရှင်းပြပါ့မယ်။

Lane တစ်ခုမှာပိုက်ဆံရှာတဲ့အခါ အဓိကက အိမ်စောစောမပြန်ရဖို့  ပဲ.
Regenerate လုပ်နိုင်မယ့် ITEM တွေတတ်နိုင်သမျှဝယ် ပါ. (Ring of Regen,
သစ်ကိုင်း. flask of sapphire waters) သွေးမကုန်သရွေ. ကိုယ့်အတွက်
ပိုက်ဆံဝင်ပေါက်ပဲဆိုတာမှတ်ထားပါ.

2. Neutral Creeps ( တောထဲကကောင်တွေ)

DOTA Map မှာ သာမာန် Creeps တွေအပြင် Netural Creeps လို့ ခေါ်တဲ့ 
Characters. တွေ. သူ့ အုပ်စုနဲ့ သူ ရှိပါတယ်။
ကိုယ်ထိန်းနေတဲ့လမ်းအခြေအနေမကောင်းတဲ့အခါ. Battle ရှောင်ချင်တဲ့အခါ .
ကိုယ့်လမ်း တိုက်ခိုက်ခံနေရတဲ့အခါ.မျိုးမှာ တောအောင်းတာ ပိုက်ဆံလဲရ. exp
လည်းရတဲ့ နည်းလမ်းတစ်မျိုးပါပဲ၊ Fighter heros တွေ ပျောက်သွားရင်..
တောထဲမှာ လို့ သာသတ်မှတ်လိုက်တော့. . . ပွဲပြီးခါနီးမှ
ဂျွတ်ဂျတ်ပြီးထွက်လာရင်မအံ့သြပါနဲ့ . ဆင်ပေးတာမဟုတ်ဘူး..
တောပုန်းကြီးဖြစ်သွားတာ.

3. Hero Flags. ( hero killing)

ဒါကတော့လူတိုင်းသိပါတယ်.. သိပ်ပြီးရှင်းပြစရာလည်းမရှိပါဘူး.. ချိန်စားလို
့လဲမကောင်းဘူး.. ရန်ဖြစ်နိုင်တယ်. တတ်နိုင်ရင်ချိန်မစား ပါနဲ့. တစ်ဘက်က
ပြိုင်ဘက်တစ်ယောက်သေတိုင်း. ဒိဘက်ကအားလုံးအတွက် ပိုက်ဆံအချိုးကျရတယ်.
သတ်တဲ့သူကအများဆုံးရတယ်. ကိုယ် သတ်လိုက်တဲ့သူက On. Killing Spree. or God
like. or Beyond God like ဆိုရင်ပိုပြီးရတယ်.

4. Towers.

လူတိုင်းမက်တဲ့အရာပါ. 400-700 gold တစ်ချက်ထဲနဲ့ရနိုင်တဲ့
တစ်ခုတည်းသောနည်းလမ်း. ချိန်စားဖို့ သိပ်မခက်ပေမယ့်. သတိထားရပါတယ်. တစ်ဘက်
က Player တွေအချိန်မရွေးကိုယ့်နောက်ရောက်လာနိုင်တဲ့အချိန်မို့ လို့ ပါ..
ဖြစ်နိုင်ရင်.. Tower မကျိုးခင်. ဘယ်လိုပြေးမလဲဆိုတာအရင်စဉ်းစားထား..
ကျိုးတာနဲ့. အဲဒီလမ်းမှာဆက်မနေသင့်တော့ဘူး.. အမြန်ဆုံးလမ်းပြောင်းပါ.
Oblivion, Krobulus.. လိုကောင်မျိုးအတွက် ချိန်စားလို့ အလွယ်ဆုံးပဲ.

5. Roshan.

အရင်တုန်းက သိပ်ကိုသတ်ဖို့ ခဲယဉ်းတဲ့ BOSS TYPE CREATURE. ခုတော့ ငပေါကြီးဖြစ်သွားပြီ.
သူ့ကိုသတ်ရင် Immortal ရမယ်. တစ်ယောက်ကို ၂၀၀ စီရမယ်. Level 15+ ကျ ရင်.. ၂ ယောက်သုံးယောက် စုပြီးသွားသွားသတ်လေ့ရှိပါတယ်.
Fighter တွေအတွက်တော့ ကောင်းကောင်း SOLO လုပ်လို့ ရတဲ့ ပိုက်ဆံဝင်ပေါက်ပဲ.

.....

ပိုက်ဆံရှာတာ.. အရေးအပါဆုံးဖြစ်တဲ့အတွက်. ဘာမှမတတ်ခင်
ဒါတော့တတ်အောင်သင်ပါ. ရိုးရိုး DMG နဲ့ချိန်စားတာအပြင်. Spell , Item ,
တွေရဲ့ EFFECT
နဲ့ပါ ပိုက်ဆံ Amount ကို Boost လုပ်နိုင်တဲ့နည်းတွေအများကြီးရှိပါတယ်.

Harassing.

ံHarass ဆိုတာက ရှင်းရှင်းပြောရရင်.. HERO နှိမ်တာပေါ့. ကိုယ်နဲ
့တစ်လမ်းထဲလာကျတဲ့ တစ်ဘက်ကအကောင် ကို. ပိုက်ဆံကော LEVEL ကော
ကိုယ့်လောက်မရအောင်... နှိမ်ပြီးကစားတာကိုပြောတာပါ.

Intel ကောင်တွေကတော့ဒီအတွက်အကောင်းဆုံးထဲမှာပါပါတယ်။

သူများကိုနှိမ်ချင်ရင် ကိုယ့်ကိုကိုယ် အရင် လေ့ကျင့်ရမှာက DENY

၁. DENY

Deny လုပ်တယ်ဆိုတာက ကိုယ့် creep ကိုယ်ပြန်သတ်တာကိုပြောတာပါ.
ကိုယ့်အကောင်က သေခါနီးသွေးနီနေတဲ့ အချိန်ဆိုရင်.. သူများ Creep ကို
သတ်သလိုပဲ A နှိပ်ပြီး ကိုယ့်ကောင်ကိုယ်ပြန်သတတ်လို့ ရပါတယ်။
အလေ့အကျင့်ကတော့နည်းနည်းလိုမယ်..
ကိုယ့်အကောင်ကိုယ်ပြန်သတ်ရင်ဘာတွေအကျိုးရှိမလဲဆိုတော့.

တစ်ဘက်က HERO ဟာ ကိုယ့် creep တစ်ကောင်သေတိုင်း Experience တက်ပါတယ်။ သူကိုယ်တိုင်သတ်တာဆိုရင် ပိုက်ဆံပါရမယ်။
ကိုယ် က Deny ကိုပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ရင် တစ်ဘက် HERO ရဲ့ Xp ,
LEVEL, Income တွေကို ဖိနှိပ်ထားလို့ ရတယ်။ ဒါကြောင့် PRO player
တစ်ယောက်ဖြစ်ချင်ရင် Deny ပိုင်မှရမယ် ဆိုတာသိထားဖို့ လိုပါတယ်။

၂. HP harass

HP harass ကတော့ရှင်းပါတယ်.. ပွဲအစတွေမှာ.. Range ကောင်ကိုင်ရတဲ့ပွဲတွေဆိုရင်.. တစ်ဘက်က Melee ကောင်ကို နှိမ်ဖို့ သိပ်လွယ်တယ်.
သူပိုက်ဆံလုံးဝရှာလို့ မရအောင်.. တတ်နိုင်သမျှသူ့ ကို attack လုပ်ရမယ်..
ကိုယ့်အကောင်က Intel Hero . ဒါ မှမဟုတ် .Harass spells ကောင်းတဲ့
Lightning Revenant လိုကောင်မျိုးဆိုရင် MANA ပြန်ပြည့်မယ့် ITEM
တွေဆောင်ထားပါ. (eg. RoB) .. တတ်နိုင်သမျှသူ့ ကို
စခန်းပြန်ပြီးသွေးဖြည့်ရအောင် ကြိုးစားပါ..

၃. Surviving Harass..

ကံဆိုးပြီးကိုယ် က အနှိမ်ခံရမယ့်ကောင်ကျလာရင်ဘယ်လိုနေ..ဘယ်လိုကစားရမယ်ဆိုတာလဲသိထားဖို့ လို ပါတယ်...
များသောအားဖြင့်. Strength နဲ့  MELEE agility ကောင်တွေအစပိုင်းအနှိမ်ခံရတာများတယ်.

ခေါင်းထဲမှာထည့်ထားဖို့ က .. ပိုက်ဆံထက်အရေးကြီးတာ SURVIVAL and LEVEL . မသေဖို့ အဓိကထားပြီးကစားရပါမယ်.
ကိုယ့် creep တွေနဲ့ မလှမ်းမကမ်း.. Range မှာနေရင်.. Experience ရပါတယ်..
ကိုယ်ကိုယ်တိုင်မသတ်ပေမယ့်.. ကိုယ့် Level အတွက် လိုအပ်တဲ့ xp ကို
ရနိုင်ပါတယ်.. ပိုက်ဆံမက်ပြီး မဆင်မခြင်တက်တက်စားရင်တော့ စောစောသေဖို
့များတယ်. သေရင် ရှိတာလေးတွေကုန်မယ့်အပြင်. တစ်ဘက်ကကောင်ကို ပါ
အလှူလုပ်သလို ဖြစ်သွားလိမ့်မယ် . တောအောင်းသင့်ရင်အောင်းရမယ်.. Farming
လုပ်ဖို့ တခြားနည်းလမ်းတွေနဲ့  END game မှာ EFFECTIVE ဖြစ်အောင်
ကြိုးစားပါ.. မသေရင် ဂျွတ်မယ်.. အဲဒါ အဓိကအချက်ပဲ.

Harass ပိုင်းကတော့ဒီလောက်ပါပဲ.

Melee Hero အချင်းချင်းလဲ့ နှိမ်လို့ ရတယ်.. SK .. ရဲ့
အဆိပ်ပေါက်တာမျိုးပေါ့. AXE ရဲ့ Battle Hunger ကတော့လူတိုင်းသိတဲ့
နာမည်ကြီး Harass Spell ပါ.

အသေးစိတ်ရှုင်းပြဖို့ က ခဲယဉ်းပါတယ်.. ကိုယ်ကိုယ်တိုင်ဆော့မှတဖြည်းဖြည်းသိလာမှာပါ..

Ganking

Ganking ဆိုတာကို ရှင်းအောင်ပြောရရင်... လိုက်ကြိတ်တာပေါ့.. :D.. တစ်ဘက်
Hero သွေးနည်းနေတဲ့အချိန်မှာပဲဖြစ်ဖြစ်.. Lane တစ်ခုထဲ မှာ သဲသဲမဲမဲ
ပိုက်ဆံရှာနေတဲ့အချိန်မှာပဲဖြစ်ဖြစ်.. ကိုယ့်ဘက်က gank နိုင်ရင်..
တစ်သင်းလုံးလဲပိုက်ဆံရ.. တစ်ဘက်ကစားသမားလဲ.. အထိနာ တဲ့အတွက်
အကျိုးရှိပါတယ်. . . တစ်ခုရှိတာက
လိုက်ကြိတ်နေတိုင်းလဲကောင်းတာမဟုတ်ဘူးဆိုတာပါပဲ..

သူများကိုသတ်ချင်ရင်..
ကိုယ်မသေအောင်ဘယ်လိုလုပ်မလဲဆိုတာအရင်စဉ်းစားပြီးမှ.. လုပ်ပါ..
သူမသေဘဲကိုယ်သေသွားရင်.. အရှက်ဟက်တက်ကွဲမယ့်အပြင်..
ဆုံးရှုံးမှုကိုကြည့်ရင်လည်း ကိုယ့်ဘက်ကပိုများပါတယ်.. ကိုယ်ကပိုက်ဆံကော
LEVEL ကောအနာခံပြီး သွားသတ်ရတာ.. သူသတ်လို့ပြန်သေတာပဲဖြစ်ဖြစ်..
တခြားစစ်ကူရောက်လာလို့သေရင်ပဲဖြစ်ဖြစ်.. ကိုယ့်ဘက်ကအရှုံးချည်းပါပဲ.

Ok... Gank လုပ်ချင်ရင်.. တစ်ယောက်တည်းသွားလုပ်မလား... အဖော်နဲ့သွားမလား.. တစ်သင်းလုံးသွားမှာလား.. ဆိုတာအရင်တိုင်ပင်ပါ..
ကိုယ်တစ်ယောက်တည်း သွေးနားထင်ရောက်ပြီး ဂျွတ်လှပြီအထင်နဲ့ သွားကြိတ်ရင်း..
သူတို့ဘက်ကတစ်သင်းလုံးပြန်လိုက်လာရင်.. ပြသနာ တက်နိုင်တယ်...
ကိုယ်သေမှာစိုးလို့ ကိုယ့်ဘက်က၀င်ကယ်တဲ့လူတွေအနေနဲ့လည်း.
ကြိုတင်ပြင်ဆင်မှုမရှိတဲ့အတွက်. Battle ရှုံးဖို့ များတယ်..
ဒါကြောင့်ဖြစ်နိုင်ရင်.. ကိုယ့်ကိုကိုယ်သေချာပြီလားပြန်မေးပါ..
ဒါမှမဟုတ်ရင်.. Stunner.. (MOVEMENT RESTRICTION) တစ်ခုခုပါတဲ့သူကို
အဖောက်ခေါ်သွားပြီး ပြေးပေါက်ပိတ်ဖို့ .. ဒါမှမဟုတ် Instant Kill
ပါတဲ့သူကိုအကူအညီတောင်းပြီး.. သေအောင်သတ်နိုင်တယ်ဆိုတာ လုံးဝသေချာမှ Gank
လုပ်ပါ.

ဘယ်လို Hero မျိုးတွေကို ပတ်ကြိတ်သင့်သလဲဆိုတာပြောပြပါ့မယ်..

Bounty Hunter.. Rikimaru.. Magna.. လိုမျိုး.. ကိုယ်ဖျောက်.. blink
ခုန်လို့ ရတဲ့ ကောင်မျိုးတွေကို.. Gank လုပ်ဖို့ ဆိုတာ.. Stunner မပါရင်..
Ward မပါရင်..မဖြစ်နိုင်သလောက်ကိုခဲယဉ်းတယ်..အဲဒါတွေပြင်ဆင်သွားပါ..

Area Ultimate တွေကြောက်ဖို့ ကောင်းတဲ့.. Moon rider. Earth Shaker.. ..
Mountain King.. Lich.. Crystal Maiden.. လိုကောင်မျိုးတွေ ကိုသတ်ဖို
့ဆိုရင်.. လူခွဲပြီးဝင်ပါ.. ၃ ယောက်သွားရင် သုံးယောက်လုံးသေနိုင်တဲ့ Spell
တွေဖြစ်တဲ့အတွက်၊

Drow Ranger.. Death Prophet.. လိုကောင်မျိုးကတော့.. Defense Spell မပါတဲ့အတွက်.. သတ်ရတာလွယ်ပါတယ်.

နောက်တစ်ခုက.. ကိုယ်က Gank လုပ်တော့မယ်ဆိုရင်.. Map ကို သေသေချာချာ
စစ်ပြီးမှလုပ်ပါ.. သူတို့ ဘက်က HERO တွေ .. မြန်မြန်ရောက်လာနိုင်လား....
ရောက်မလာနိုင်ဘူးလား... သူ့ဘေးမှာဘယ်သူမှမရှိတာသေချာလားအရင်စစ်ပါ.. HERO ၂
ယောက် ကို.. တစ်ပြိုင်တည်းသတ်ချင်တယ်ဆိုရင်လည်း... အဲဒီ ၂ ကောင်က
တစ်ကောင်ကိုတစ်ကောင် .. SUPPORT လုပ်ပြီးပြေးသွားနိုင်တဲ့ HERO
တွေဖြစ်နေရင် သတ်ဖိုံခဲယဉ်းတယ်.. EG.... (OminiKnight.. Treant
Protector.. .... etc...)

သူများကိုလိုက်သတ်တာတော့ဟုတ်ပါပြီ.. ကိုယ့်အလှည့်ကျရင်ပြေးတတ်ဖို့ လဲ.. လေ့ကျင့်ထားဖို့ လိုပါတယ်...

ပိုက်ဆံဆိုတာလူတိုင်းမက်တာပဲ.. ဒါပေမယ့် ပိုက်ဆံမက်တာနဲ့ တဖုန်းဖုန်း သေနေရင်တော့မကောင်းဘူးပေါ့.
လမ်းတစ်လမ်းမှာ သာယာတိုင်းကောင်းတယ်မထင်ပါနဲ့.. ကိုယ်သာယာတာကိုမကြိုက်တဲ့သူတွေ ဟိုဘက်မှာရှိတယ်ဆိုတာကိုအမြဲသတိရပါ.
ကိုယ့်ကောင်က Stealth လို Anti-Mage လို မျိုးပြေးဖို့လွယ်တဲ့ကောင်ဆိုပြီး အောက်ခြေလွတ်နေတာလဲ သေလမ်းနီးပါတယ်...
ဟိုဘက်က Stunner.. ပါလာရင်.. သေဖို့ များတယ်.. တတ်နိုင်ရင်.. သိပ်ပိုက်ဆံမမက်ပါနဲ့.. မသေရင်.. သူ့ ဟာသူ ဂျွတ်လာလိမ့်မယ်..

From planet.com.mm 
မြန်မာသူငယ်ချင်းများအဖွဲ့ မှကူးယူဖော်ပြထားပါသည်။

0 comments:

Post a Comment