May 27, 2013
နှင်းပွင့်တစ်ပွင့်ဘယ်လောက်လေးသလဲ?
ခိုတစ်ကောင်နဲ့ စာကလေးတစ်ကောင် စကားပြောနေကြတယ်။
ခို-”စာကလေးရေ… နှင်းတစ်ပွင့် ဘယ်လောက်လေးသလဲ? သိရင် ပြောပြပါလား?”ူ
စာကလေး-”အလေးချိန်မရှိတာထက် နည်းနည်းပိုလေးတယ်”
ခို-”ဘယ်လို! နားမလည်ဘူးဗျာ…”
စာကလေး- “ခင်ဗျားကို အဖြစ်အပျက်တစ်ခု ပြောပြမယ်။ တစ်ခါက သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ကျွန်တော်နားနေတယ်။ အဲဒီတုန်းက နှင်းတွေကျနေတယ်။ တဖွဲဖွဲလေးပဲ မကြီးဘူး။ ကျွန်တော်လည်း နှင်းတွေကိုကြည့်ရင်း ဘာမှလုပ်စရာမရှိတာနဲ့ သစ်ကိုင်းတစ်ကိုင်းပေါ် ကျနေတဲ့နှင်းတွေကို ထိုင်ရေနေလိုက်တယ်။ တစ်ပွင့်… နှစ်ပွင့်…. နှင်းပွင့်ပေါင်း (၃၅၇၂၉၅၁)ပွင့်အထိ ဘာမှမထူးခြားခဲ့သေးဘူး။ ဒါပေမယ့် နှင်းပွင့်ပေါင်း (၃၅၇၂၉၅၂)ပွင့်မှာ သစ်ကိုင်းကြီး ရုတ်တရက်ကျိုးကျသွားတယ်”
တစ်ခါတလေမှာ မပြောပလောက်တဲ့ အာဃာတစိတ်နဲ့ အတွေးအခေါ်တချို့က နှင်းပွင့်နဲ့တူတယ်။ စစချင်းမှာ ဘာမှ မခံစားမိသလို ဘာမှမဖြစ်လောက်ဘူးလို့လည်း ထင်နိုင်တယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းစုပုံများပြားလာပြီး မကောင်းမှုမှာလည်း အလေးချိန်ရှိကြောင်း တစ်နေ့နေ့ တစ်ချိန်ချိန်ကျမှ သင်သတိထားမိလာပါလိမ့်မယ်…….

Subscribe to:
Post Comments (Atom)

Rangoon
Kuala Lumpur
Bangkok

0 comments:
Post a Comment