}
ညီဖြိုးလင်းခ(Jackass) တွေ့ရှိသမျှ မျှဝေနေပါသည် လက်ဦးဆရာ ဘလော့ခရီးသည်(AAMKS)နှင့်မြင်ဆရာကြားဆရာအားလုံး ဒီနေရာမှ ဦးညွှတ်အပ်ပါသည်
 

November 29, 2013

ပြည်မြို့န၀ဒေးတံတားပေါ်မှ ခုန်ချသွားသောကျောင်းသားလေးအဖြစ်မှန်

1 comments

ဖြစ်စဉ်မှာ-21.11.13 နေ့လည် ပြည်မြို့ အမှတ်(5)အခြေခံပညာအထက်တန်းကျောင်း .နေ့လည်ခင်း B တန်း နံပါတ် (5)အချိန် (မြန်မာစာ) ပြီးသွားချိန်တွင် သေဆုံးသူကျောင်းသား မောင်ညဏ်မင်းထွဠ်သည် ဆရာအကူးအပြောင်းတွင် အပေါ်မှ စာအုပ်ခံကာ အောက်တွင်စာရွက်တစ်ရွက်ဖြင့် Tatoo ပုံဆွဲနေသည် ..နံပါတ်(6) အချိန် (Eng ) ဆရာမ ဒေါ်အေးခိုင်ဆွေသည် ကျောင်းသားရှိရာ အတန်း၏် နောက်အပေါက်မှ ၀င်လာတယ်..ကျောင်းသားမောင်ညဏ်မင်းထွဠ်သည် ဆရာအားတွေ့သဖြင့်.အထက်ပါဖော်ပြခဲ့သည့် စာအုပ်ဖြင့် tatoo ဆွဲထားသည်ကို ဖုံးခဲ့သည်။ ထိုစဉ်ဆရာမတွေ့သွားခဲ့ရာ..အပေါ်မှ ဖုံးထားသည့်စာအုပ်အား ဆွဲယူသွားကာ အတန်းရှေ့ထွက်သွားသည်.မောင်ညဏ်မင်းထွဠ်သည်နောက်မှ လိုက်ကာ ဆရာမ သားပုံဆွဲနေတာ ဒီစာရွက်အဲံစာအုပ်မဟုတ်ဘူးဆိုကာ နောက်မှ လိုက်ပြောသည်ဆရာမသည် လက်မခံပဲ...စာအုပ်အားအတန်းဆရာထိုင်ရာစားပွဲ ပေါ်တွင်စာအုပ်အားတင်ကာ အတန်အပြင်ပ မှ ဆရာမနှင့်စကားပြောနေသည်...။

မောင်ညဏ်မင်းထွဠ်သည် မယောင်မလည်နှင့်စားပွဲနားသွားတာဆ၇ာအားယူရန်ကြိုစားသည် မကြာမှီ...ဆရာမပြန်ဝင်လာတာမြင်သဖြင့် မာင်ညဏ်မင်းထွဠ်သည် မိမိနေရာသို့ပြန်သွားသည်
ဒေါ်အေးခိုင်ဆွေသည် ဆရာစားပွဲနီးရာ ကျောင်းသားများအား မောင်ညဏ်မင်းထွဠ် ဘာလာလုပ်တာလည်းဟုမေးသည်..ကျောင်းသားများက မသိပါဘူးဟုဆိုသည်
ဒေါ်အေးခိုင်ဆွေသည်..သူ့စာအုပ်လာယူရသလားဟုဆိုကာ ကျောင်းသားအားပြောဆိုနေသည်.ပြီးနောက်စာအုပ်အားဖွင့်ကြည့်ရာနောက်ဆုံးစာမျက်နှာတွင်ကျောင်းသားရည်စားစာတစ်ချို့ ရေးထားသည်အားတွေ့သည် တွေ့လျှင်တွေ့ချင်း..ဆရာမ သည် ဆ၇ာများနားနေခန်းသို့ထွက်သွားသည်..မကြာမောင်ညဏ်မင်းထွဠ် အားအတန်းပိုင်ခေါ်ဆိုနေသည်အားသိရသည်...အတော်လေးကြာပြီးနောက် ပြန်လည်ရောက်ရှိလာပြီး မိဘ ခေါ်ရမယ်ဟုဆိုကာ ကျောင်းဆင်းသည်ထိမည်သူနှင့်မျှ စကားမပြောတော့ပဲ တော်တော်လေးငိုင်နေနေခဲ့သည်.....

ကျောင်းဆင်းချိန်ညနေ(4း00)

မောင်ညဏ်မင်းထွဠ်သည် ကျောင်းဆင်းသည်နှင့်အိမ်ပြန်ရောက်လာသည်..သူ၏မိခင်ဖြစ်သူအား 'ကျောင်းက မိဘခေါ်ခိုင်းလိုက်တယ်'
မိခင်-'နင့်အဖေခေါ်သွားလိုက်လေ'
မောင်ညဏ်မင်းထွဠ်သည် 'ဟုတ်ဟုတ်' ဟုပြောကာ အိမ်ရှေ့တွင် ညီမ ဖြစ်သူနှင့် ဆော့ကစားနေသည်.. 4နာရီခွဲလောက်တွင်..ဆိုင်ကယ်အားအပြင်းမောင်းကာ ထွက်သွားသည်..
မကြာမှီ ဖခင်ပြန်ရောက်လာပြီးသားကြီး ရောဟုမေးသည်
မိခင်သည်.သားကျူရှင်သွားရန်ထမင်းဘူးထုတ်ရင်းဆိုင်ကယ်အပြင်းမောင်းသွားသည် ဟုပြောသည်
ထိုအခါ ဖခင်က ကျုရှင်သွားဖို့နောက်ကျတော့မှာပဲဟုဆိုကာ လိုက်ရှာသည်
ပထမ - လွင်ခြံသို့သွားရှာသည်ထိုအခါ 15 မိနစ်လောက်ကြာသွားသည်(4း45)
ဒုတိယ -မင်းကြီးတောင်ပေါ်သို့ လိုက်ရှာသည် ထိုအခါ အဒေါ်များပါ ပါလာပြီးးဖြစ်သည်

နောက်နေ့များတွင်လည်း ရွှေဘုံသာ သို့ အမြဲတစေသွားရှာနေတော့သည်..

လေးရက်လောက်နေမှ ရဲစခန်းအားအကြောင်းကြားရာ..

မောင်ညဏ်မင်းထွဠ်ထွက်သွားသည့်နေ့ ညနေ..6:20 လောက်တွင် တံတားအလည်မှ ဆိုင်ကယ်တစ်စီးရပ်ထားသည်ကို တွေ့သဖြင့် ရဲများသွားစစ်ဆေးစဉ် ဖိနပ် အစိမ်းလေးတစ်ရံ ချွှတ်ထားကာ ဆိုင်ကယ်ခြင်းရှေ့တွင် $ 900 အားထည့်ထားသည်ကိုတွေ့သဖြင့် ရဲများသည်သိမ်းဆည်းထားလိုက်သည်..

မောင်ညဏ်မင်းထွဠ်သည်..အဒေါ်ထံမှ ပိုက်ဆံ1000 တောင်းသွားကြောင်း တံတားဖြတ်သန်းခ 100 ပေးရသဖြင့် ဆိုင်ကယ်ခြင်းထဲမှ 900 မှာ မောင်ညဏ်မင်းထွဠ် ပိုက်ဆံဖြစ်နေသည်..

အဖြစ်မှန်မှာအထက်ပါအတိုင်းဖြစ် ပါသည်

ပြည်မြို့န၀ဒေးတံတားပေါ်မှ ခုန်ချသွားသောကျောင်းသားလေးအဖြစ်မှန်