Aye Chan Mon
ရည်းစား။ ။သင် နဲ့ မနက်မိုးလင်းတဲ့ အထိ တညလုံး စကားတွေပြောမယ်။
ဇနီး။ ။သင် ညဥ့်နက်တဲ့အထိ ဂိမ်းဆော့နေတာပဲဖြစ်ဖြစ်၊ TV ကြည့်နေတာပဲဖြစ်ဖြစ်...တွေ့ရင် ဒေါနဲ့မောနဲ့ ဆူလိမ့်မယ်။
ရည်းစား။ ။သင့်ကို အပြင်ကိုခေါ်ထုတ်ပြီး စားသောက်ဆိုင်တွေသွားမယ်၊ ဈေးဝယ်မယ်။ သင် က ပိုက်ဆံရှင်းရလိမ့်မယ်။
ဇနီး။ ။ သင် ဒီတစ်လ ရဲ့အသုံးစရိတ်ကို လောက်ငှအောင်ထိမ်းသိမ်းတယ်၊ အပြင်ထွက်ရင်တောင် ဈေးကြီးရင် ၀ယ်မစားဘူး။
ရည်းစား။ ။သင် နေမကောင်းတဲ့အခါ message ပေးပြီး နှစ်သိမ့်မယ်။
ဇနီး။ ။ သင် နေမကောင်းတဲ့အခါ သင့်ဘေးနားမှာ ပြုစုမယ်။ ပါးစပ်ကလည်း တဖျစ်တောက်တောက်နဲ့ အချိန်မှန်ဆေးသောက်ခိုင်းမယ်။
ရည်းစား။ ။သင့်ရဲ့ အားနည်းချက်တွေကို နားလည်ပေးတယ်။
ဇနီး။ ။ သင့်ရဲ့ အားနည်းချက်တွေကို တွေ့တာနဲ့ ပြင်ခိုင်းတယ်။
ရည်းစား။ ။သင် ဘာလုပ်လုပ် အားပေးတယ်၊ သင့်ကို ပျော်ရွှင်အောင်ထားတယ်။
ဇနီး။ ။ သင့် နေရာကနေပြီး စဉ်းစားတယ်။ တချို့ကိစ္စတွေကို သူမ ကိုယ်တိုင် ပါဝင်ဆောင်ရွက်တယ်။
(တကယ်တမ်းတွေးကြည့်တော့ အားသာချက် အားနည်းချက် တွေရှိပါတယ်၊
ဒီတော့ ရည်စား တစ်ယောက်နဲ့ မိန်းမ တစ်ယောက် တပြိုင်တည်း ရှိသင့်တယ်လို့
မှတ်ချက်ချမိပါကြောင်း....။
ရယ်စရာအနေနဲ့ပဲ ဖတ်ရှုကြပါကုန်။
0 comments:
Post a Comment